Isaiah 10:34
တောနက်အတွင်းမှသစ်ပင်တို့သည်ပုဆိန် ဒဏ်ဖြင့်လဲကျရသကဲ့သို့၊ လေဗနုန်တော မှအဖိုးအတန်ဆုံးသောသစ်ပင်များလဲ ကျကြသကဲ့သို့သူတို့အားထာဝရ ဘုရားသည်ပြိုလဲစေတော်မူလိမ့်မည်။
Common Language Bible
In The King James Version
And he shall cut down the thickets of the forest with iron, and Lebanon shall fall by a mighty one.
In Context
Cross References
Psalms 103:20တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
Isaiah 31:8အာရှုရိပြည်သည်စစ်ပွဲတွင်ကျရှုံးရလိမ့် မည်။ သို့ရာတွင်လူတို့တန်ခိုးစွမ်းရည်ကြောင့် မဟုတ်။ အာရှုရိအမျိုးသားတို့တိုက်ပွဲမှ ထွက်ပြေးကြလိမ့်မည်။ သူတို့လူငယ်လူ ရွယ်များသည်လည်းကျွန်ခံရကြလိမ့်မည်။-
Isaiah 37:36ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
Jeremiah 46:22ရန်သူတပ်မတော်နီးကပ်လာသည်နှင့်အီဂျစ် ပြည်သည် မြည်သံပြုသောမြွေကဲ့သို့ထွက်ပြေးလေ၏။ လူတို့သစ်ပင်များကိုခုတ်သကဲ့သို့ရန်သူ တို့သည် သူ့အားရဲတင်းများနှင့်တိုက်ခိုက်ကြ၏။
Daniel 4:13``ငါသည်ထိုဗျာဒိတ်ရူပါရုံတွင်တွေ့မြင် ရပုံကိုစဉ်းစားဆင်ခြင်လျက်နေစဉ် နိုး ကြားစောင့်ကြည့်သူကောင်းကင်တမန်တစ် ပါးဆင်းသက်လာသည်ကိုမြင်ရ၏။-
Nahum 1:12ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-