Isaiah 10:6
ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 18:25ငါသည်ထာဝရဘုရား၏အကူအညီမပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက်ဆီးသည်ဟု သင် တို့ထင်မှတ်ကြပါသလော။ သင်တို့ပြည်ကိုတိုက် ခိုက်ဖျက်ဆီးရန် ထာဝရဘုရားကိုယ်တော်တိုင် ပင်ငါ့အားစေခိုင်းတော်မူ၏'' ဟုဆို၏။
Isaiah 8:4ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
Isaiah 9:19အနန္တတန်ခိုးရှင်ထာဝရဘုရားသည် အမျက်ထွက်တော်မူသဖြင့်ကိုယ်တော် ပေးတော်မူသောအပြစ်ဒဏ်သည် တစ်ပြည် လုံးတွင်မီးသဖွယ်တောက်လောင်ကာလူ တို့အားသုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။ ထိုအခါလူတိုင်းပင်ကိုယ်လွတ်ရုန်း ကြလိမ့်မည်။-
Isaiah 19:17အီဂျစ်ပြည်သူတို့သည်မိမိတို့အတွက် အနန္တ တန်ခိုးရှင်ထာဝရဘုရားပြင်ဆင်ထားတော် မူသည့်ကံကြမ္မာကိုပြန်လည်သတိရသည့် အခါတိုင်းယုဒပြည်ကိုကြောက်ကြလိမ့်မည်။
Isaiah 29:13ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
Isaiah 33:14အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-