Isaiah 11:12
မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 68:22ဘုရားသခင်က``သင်တို့သည်ရန်သူများ၏ သွေးအိုင်တွင်လျှောက်သွားနိုင်ကြစေရန်နှင့် သင်တို့၏ခွေးများသည်သူတို့၏သွေးကို အလိုရှိသမျှလျက်သောက်နိုင်ကြစေရန် သူတို့အားဗာရှန်ပြည်မှငါပြန်လည်ခေါ်ဆောင် ခဲ့မည်။ သမုဒ္ဒရာရေနက်ကြီးထဲမှပြန်လည်ခေါ်ဆောင် ခဲ့မည်'' ဟုမိန့်တော်မူ၏။
Isaiah 11:10ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
Isaiah 27:13ထိုနေ့ရက်ကာလကျရောက်သောအခါအာ ရှုရိပြည်နှင့်အီဂျစ်ပြည်၌ပြည်နှင်ဒဏ်သင့် လျက်နေသော ဣသရေလအမျိုးသားအပေါင်း ကိုခေါ်ယူရန်တံပိုးခရာမှုတ်လိမ့်မည်။ သူ တို့သည်လည်းယေရုရှလင်မြို့ရှိမြင့်မြတ် သောတောင်တော်ပေါ်တွင် ထာဝရဘုရား အားကိုးကွယ်ဝတ်ပြုရန်လာရောက်ကြ လိမ့်မည်။
Isaiah 49:11``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
Isaiah 49:22ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
Isaiah 59:19အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။