Isaiah 11:16
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 14:26ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။-
Isaiah 19:23ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။-
Isaiah 35:8ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
Isaiah 42:15ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။
Isaiah 49:12ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 57:14ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။