Isaiah 11:6
ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
Common Language Bible
In The King James Version
In Context
5သူသည်မိမိပြည်သူတို့အားမျှတဖြောင့် မတ်စွာ အုပ်စိုးလိမ့်မည်။
Cross References
Isaiah 65:25ဝံပုလွေနှင့်သိုးတို့သည်အတူအစာစား လျက် ခြင်္သေ့တို့သည်ကျွဲနွားများကဲ့သို့မြက် ကိုစားကြလိမ့်မည်။ မြွေများသည်မြေမှုန့်ကို သာစားကြလိမ့်မည်။ ငါ၏သန့်ရှင်းမြင့်မြတ် သည့်ဇိအုန်တောင်တော်ပေါ်တွင် ဘေးအန္တရာယ် ဖြစ်စေတတ်သည့်အရာနှင့်ဆိုးညစ်သည့် အရာရှိရလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
Hosea 2:18ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။
Romans 14:17ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။-
2 Corinthians 5:14တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
Ephesians 4:22သို့ဖြစ်၍အထက်ကကျင်လည်ခဲ့သောလူဟောင်း ဘဝကိုစွန့်ပစ်လော့။ လှည့်ဖြားတတ်သောဆန္ဒများ ကြောင့်ယိုယွင်းပျက်စီးသည့်လူဟောင်းကိုစွန့်လွှတ် ကြလော့။-
Titus 3:3အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-