The Bible Software
bible.software › Isaiah › Isaiah 14 › Isaiah 14:19

Isaiah 14:19

သို့​ရာ​တွင်​သင့်​မှာ​မူ​သင်္ချိုင်း​မ​ရှိ။ ပုပ်​ပျက်​စေ ရန်​သင်​၏​အ​လောင်း​ကို​စွန့်​ပစ်​ထား​လိုက်​ကြ လေ​ပြီ။ ထို​အ​လောင်း​သည်​တိုက်​ပွဲ​တွင်​ကျ ဆုံး​သည့်​အ​သေ​ကောင်​များ​နှင့်​ဖုံး​လျက်၊ ဋ္ဌား​နှင့်​ထိုး​ဖောက်​ခံ​ရ​၍​ကျောက်​တွင်း​ထဲ သို့​ပစ်​ချ​ကျော်​နင်း​ခြင်း​ကို​ခံ​ရ​၏။-

Common Language Bible

In The King James Version

But thou art cast out of thy grave like an abominable branch, and as the raiment of those that are slain, thrust through with a sword, that go down to the stones of the pit; as a carcase trodden under feet.

In Context

18ကမ္ဘာ​မြေ​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် မိ​မိ တို့​၏​လှ​ပ​သော​သင်္ချိုင်း​များ​တွင်​လဲ​လျောင်း လျက်​ရှိ​ကြ​၏။-

20သင်​သည်​မိ​မိ​၏​တိုင်း​ပြည်​ကို​ပျက်​ပြုန်း​စေ​၍ ကိုယ့်​ပြည်​သူ​တို့​ကို​သတ်​ဖြတ်​ပစ်​သည်​ဖြစ်​၍ အ​ခြား​ဘု​ရင်​များ​ကဲ့​သို့​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ဆိုး​ညစ်​သော အ​မျိုး​အ​နွယ်​ဝင်​တို့​သည်​လည်း တစ်​ဦး​တစ် ယောက်​မျှ​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​လိမ့် မည်​မ​ဟုတ်။-

Read all of Isaiah 14

Cross References

1 Kings 21:19ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။

2 Kings 9:25ထို​အ​ခါ​ယေ​ဟု​သည်​မိ​မိ​၏​ရ​ထား​မှူး ဗိ​ဒ​က​အား``သူ​၏​အ​လောင်း​ကို​ယူ​၍​နာ​ဗုတ် မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့။ ယော​ရံ​မင်း​၏​ဖ​ခင် အာ​ဟပ်​နောက်​မှ သင်​နှင့်​ငါ​မြင်း​စီး​၍​လိုက် လာ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​က​အာ​ဟပ် အား`ယ​မန်​နေ့​က​နာ​ဗုတ်​နှင့်​သား​များ​အား သတ်​သည့်​အ​မှု​ကို​ငါ​တွေ့​မြင်​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​ထို​မြေ​ကွက်​ထဲ​၌​ပင် အ​ပြစ် ဒဏ်​စီ​ရင်​မည်' ဟု​မိန့်​တော်​မူ​သည်​ကို​သ​တိ ရ​လျက် ထာ​ဝရ​ဘု​ရား​မိန့်​ကြား​တော်​မူ​ခဲ့ သည့်​အ​တိုင်း ယော​ရံ​၏​အ​လောင်း​ကို​နာ ဗုတ်​၏​မြေ​ကွက်​ထဲ​သို့​ပစ်​ချ​လော့'' ဟု​ဆို ၏။

Isaiah 22:16``သင်​သည်​မိ​မိ​ကိုယ်​ကို​အ​ဘယ်​သူ​ဟု​ထင် မှတ်​ပါ​သ​နည်း။ ကျောက်​တောင်​နံ​ရံ​တွင် မိ​မိ တို့​အ​တွက်​သင်္ချိုင်း​ဂူ​ကို​ထွင်း​ထု​လုပ်​ပိုင်​ခွင့် သင့်​မှာ​ရှိ​ပါ​သ​လော။-

Jeremiah 16:6ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-

Jeremiah 41:7ထို​သူ​တို့​မြို့​တွင်း​သို့​ရောက်​ရှိ​သည်​နှင့်​တစ် ပြိုင်​နက် ဣ​ရှ​မေ​လ​နှင့်​သူ​၏​ငယ်​သား​တို့ သည် ထို​သူ​တို့​အား​သတ်​၍​အ​လောင်း​များ ကို​ရေ​တွင်း​ထဲ​သို့​ပစ်​ချ​ကြ​၏။

Ezekiel 32:23သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 14:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 14:18Isaiah 14Isaiah 14:20 →