Isaiah 14:20
သင်သည်မိမိ၏တိုင်းပြည်ကိုပျက်ပြုန်းစေ၍ ကိုယ့်ပြည်သူတို့ကိုသတ်ဖြတ်ပစ်သည်ဖြစ်၍ အခြားဘုရင်များကဲ့သို့သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်မဟုတ်။ သင်၏ဆိုးညစ်သော အမျိုးအနွယ်ဝင်တို့သည်လည်း တစ်ဦးတစ် ယောက်မျှအသက်မသေဘဲကျန်ရစ်လိမ့် မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Cross References
Job 18:16သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
Job 18:19သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။
Psalms 37:28အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
Psalms 137:8အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊ သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။
Isaiah 13:15သူတို့အထဲမှအဖမ်းခံရသူတို့သည် ဋ္ဌားဖြင့်ထိုးသတ်ခြင်းကိုခံကြလိမ့်မည်။-