Isaiah 15:1
ဤဗျာဒိတ်တော်သည်မောဘပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ အာရမြို့နှင့်၊ ကိရမြို့တို့သည်တစ်ညဥ့်ချင်း ၌ပျက်ပြုန်း၍သွားရကြလေသည်။ မောဘ ပြည်သည်လည်းဆိတ်ငြိမ်လျက်နေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 21:28တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍ မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
Deuteronomy 2:18`ယနေ့တွင်သင်တို့သည် အာရမြို့သို့သွားရာ လမ်းဖြင့် မောဘပြည်ကိုဖြတ်သွားရမည်။-
2 Kings 3:25မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
Isaiah 13:1ဤဗျာဒိတ်တော်သည်ဘုရားသခင်ထံတော် မှဗာဗုလုန်ပြည်နှင့်ပတ်သက်၍ အာမုတ်၏ သားဟေရှာယခံယူရရှိသည့်ဗျာဒိတ် တော်ဖြစ်၏။
Isaiah 16:6ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။
Isaiah 16:11ငါသည်မောဘပြည်အတွက်စိတ်ညှိုးငယ် လျက်၊ ကိရဟရက်မြို့အတွက်ဝမ်းနည်း လျက်ညည်းညူမိပါ၏။-