Isaiah 16:1
သဲကန္တာရရှိသေလမြို့မှမောဘအမျိုးသား တို့သည် ဇိအုန်တောင်၏သမီးထံသို့သိုးတစ် ကောင်ကိုလက်ဆောင်ပဏ္ဏာအဖြစ်ပေးပို့လိုက် ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 8:2ထိုနောက်မင်းကြီးသည်မောဘပြည်သား တို့ကိုနှိမ်နင်းတော်မူ၍ ဖမ်းဆီးရမိသူတို့ အား မြေပေါ်တွင်လှဲချစေပြီးလျှင် သုံးပုံ နှစ်ပုံမျှသောသူတို့ကိုသတ်စေ၏။ သို့ဖြစ် ၍မောဘပြည်သားတို့သည်ဒါဝိဒ်၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်သရ ကြ၏။
2 Kings 14:7အာမဇိသည်ပင်လယ်သေ၏တောင်ဘက်ရှိ ဆားချိုင့်ဝှမ်းတွင် ဧဒုံစစ်သည်တစ်သောင်း ကိုသုတ်သင်တော်မူ၏။ သူသည်သေလမြို့ ကိုသိမ်းယူပြီးလျှင် မြို့၏နာမည်ကိုပြောင်း သဖြင့် ယုဿေလမြို့ဟုယနေ့တိုင်အောင် ခေါ်တွင်သတည်း။
Isaiah 10:32ရန်သူတို့သည်ယနေ့နောဘမြို့တွင်ရှိကြ ၏။ သူတို့သည်ထိုမြို့မှနေ၍ဇိအုန်တောင် နှင့် ယေရုရှလင်မြို့အားလက်သီးဆုပ်၍ ပြကြ၏။
Micah 4:8ဘုရားသခင်သည်လင့်စင်မှမိမိ၏လူမျိုး တော်ကို သိုးထိန်းသဖွယ်စောင့်ရှောက်တော်မူ ရာယေရုရှလင်မြို့၊ သင်သည်နိုင်ငံတော် ၏မြို့တော်ဖြစ်ခဲ့ဖူးသကဲ့သို့ ယခုတစ်ဖန် မြို့တော်ဖြစ်ရလိမ့်မည်။-