Isaiah 16:12
မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:41နောက်တစ်နေ့နံနက်တွင်ဗာလက်ဘုရင်သည် ဣသရေလအမျိုးသားတို့မြင်သာနိုင် သောဗားမော့ဗာလတောင်ကုန်းပေါ်သို့ ဗာလမ်အားခေါ်ဆောင်သွားလေသည်။
Numbers 23:28သို့ဖြစ်၍သူသည်ဗာလမ်အားတောကန္တာရကို မြင်နိုင်သော ပေဂုရတောင်ထိပ်ပေါ်သို့ခေါ်ဆောင် သွားလေသည်။-
1 Kings 11:7ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
2 Kings 3:27ထို့ကြောင့်သူသည်မိမိ၏အရိုက်အရာဆက်ခံ မည့်သားဦးကိုမြို့ရိုးပေါ်တွင် မောဘဘုရားအား ယဇ်ပူဇော်လေ၏။ ထိုအခါဣသရေလအမျိုး သားတို့သည်ကြောက်လန့်၍ မောဘအမျိုးသား တို့၏ဘုရားတစ်ခုခုပြုလုပ်မည်ကိုကြောက် သောကြောင့်လည်းကောင်း၊ သို့မဟုတ်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား တစ်ခုခုပြုလုပ်မည်ကိုကြောက်ကြသဖြင့် လည်းကောင်း ထိုမြို့မှဆုတ်ခွာ၍မိမိတို့ပြည် သို့ပြန်ကြကုန်၏။
2 Kings 19:16အို ထာဝရဘုရား၊ ယခုအကျွန်ုပ်တို့တွေ့ကြုံ နေရကြသောအမှုကိုကြည့်ရှုတော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သော ကိုယ်တော်အားသနာခရိပ်စော်ကား ပြောဆိုသောစကားကိုကြားတော်မူပါ။-
Proverbs 1:28ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။