The Bible Software
bible.software › Isaiah › Isaiah 16 › Isaiah 16:9

Isaiah 16:9

ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-

Common Language Bible

In The King James Version

Therefore I will bewail with the weeping of Jazer the vine of Sibmah: I will water thee with my tears, O Heshbon, and Elealeh: for the shouting for thy summer fruits and for thy harvest is fallen.

In Context

8ဟေ​ရှ​ဘုန်​မြို့​အ​နီး​ရှိ​လယ်​ယာ​များ​နှင့်​စိ ဗ​မာ​စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​ပြုန်း​၍ သွား​ကြ​၏။ လူ​မျိုး​ခြား​မင်း​အ​ပေါင်း​တို့​သည် ထို​စ​ပျစ်​ဥ​ယျာဉ်​တို့​မှ​ထွက်​သော​စ​ပျစ်​ရည် များ​ဖြင့်​မူး​ယစ်​နေ​ခဲ့​ကြ​ဖူး​၏။ အ​ခါ​တစ် ပါး​က​စ​ပျစ်​နွယ်​များ​သည် အ​ရှေ့​ဘက်​သို့ ယာ​ဇာ​မြို့​နှင့်​သဲ​ကန္တာ​ရ​တိုင်​အောင်​လည်း ကောင်း၊ အ​နောက်​ဘက်​သို့​ပင်​လယ်​သေ​တစ် ဘက်​ကမ်း​တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ ခဲ့​ကြ​၏။-

10ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-

Read all of Isaiah 16

Cross References

Isaiah 9:3အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။

Jeremiah 40:10ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-

Jeremiah 48:32ယာ​ဇာ​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငို​ကြွေး သည်​ထက်​စိ​ဗ​မာ​မြို့​သူ​မြို့​သား​များ အ​တွက် ငါ​ပို​၍​ငို​ကြွေး​မည်။ အို စိ​ဗ​မာ​မြို့၊ သင်​သည်​ပင်​လယ်​သေ​ကို​ကျော်​ဖြတ်​၍ ယာ​ဇာ​မြို့​တိုင်​အောင်​ပျံ့​နှံ့​သွား​သည့်​စ​ပျစ် ပင်​နှင့်​တူ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သင် ၏​နွေ​ရာ​သီ​သစ်​သီး​ဝ​လံ​များ​နှင့်​စ​ပျစ် ပင်​များ​သည်​အ​ဖျက်​အ​ဆီး​ခံ​ရ​ကြ​လေ ပြီ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 16:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 16:8Isaiah 16Isaiah 16:10 →