Isaiah 17:12
တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 18:4သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။
Psalms 46:1ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
Psalms 93:3အို ထာဝရဘုရား၊ သမုဒ္ဒရာသည်အသံကိုဟစ်၍အော်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုးသံသည်မြည်ဟည်းပါ၏။
Isaiah 5:30ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
Isaiah 9:5ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
Jeremiah 6:23သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။''