The Bible Software
bible.software › Isaiah › Isaiah 17 › Isaiah 17:14

Isaiah 17:14

သူ​တို့​သည်​လူ​တို့​အား​ညဥ့်​ဦး​ယံ​၌ တုန်​လှုပ် ချောက်​ချား​စေ​ကြ​သော်​လည်း မိုး​သောက်​ယံ​၌ မ​ရှိ​ကြ​တော့​ပါ​တ​ကား။ ဤ​ကား​ငါ​တို့​ပြည် ကို​လု​ယက်​တိုက်​ခိုက်​သူ​မှန်​သ​မျှ​တို့​၏​ကံ ကြမ္မာ​ပင်​ဖြစ်​လေ​သည်။

Common Language Bible

In The King James Version

And behold at eveningtide trouble; and before the morning he is not. This is the portion of them that spoil us, and the lot of them that rob us.

In Context

13ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-

Read all of Isaiah 17

Cross References

Judges 5:31အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​၏​ရန်​သူ အ​ပေါင်း​တို့​သည် ဤ​နည်း​အ​တိုင်း​ပင်​ဆုံး​ရှုံး​ပျက်​စီး​ကြ​ပါ စေ​သော။ သို့​ရာ​တွင်​ကိုယ်​တော်​၏​မိတ်​ဆွေ​များ​မှာ​မူ​ကား တက်​သစ်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ ကြ​ပါ​စေ​သော။ ထို​နောက်​ခါ​နာန်​ပြည်​တွင်​အ​နှစ်​လေး​ဆယ် တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။

2 Kings 19:35ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။-

Psalms 37:36သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​ငါ​ဖြတ်​သွား​သော အ​ခါ သူ​သည်​ထို​အ​ရပ်​တွင်​မ​ရှိ​တော့​ပြီ။ သူ့​ကို​ရှာ​သော်​လည်း​မ​တွေ့​မ​မြင်​နိုင်​တော့​ပေ။

Isaiah 10:28ရန်​သူ​များ​သည်​အာ​ရပ်​မြို့​သို့​ရောက်​ရှိ​နေ ကြ​၏။ သူ​တို့​သည်​မိ​ဂ​ရုန်​မြို့​ကို​ဖြတ်​သန်း ၍​လာ​ခဲ့​ကြ​၏။ မိ​မိ​တို့​၏​စား​နပ်​ရိက္ခာ​များ ကို​မိတ်​မတ်​မြို့​တွင်​ထား​ခဲ့​ကြ​လေ​သည်။-

Isaiah 29:2ထို​နောက်​ဘု​ရား​သ​ခင်​သည်``ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပ​လ္လင်​တော်​ဟု​အ​မည်​တွင်​သော​မြို့​ကို ဘေး​အန္တ​ရာယ်​ဆိုး​ဆိုက်​ရောက်​စေ​တော်​မူ​လိမ့် မည်။ လူ​တို့​သည်​ငို​ယို​ညည်း​တွား​မြည်​တမ်း ကြ​လိမ့်​မည်။ တစ်​မြို့​လုံး​ပင်​ယဇ်​များ​ကို ပူ​ဇော်​ရာ​ပလ္လင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်။-

Isaiah 33:1ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 17:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 17:13Isaiah 17