Isaiah 17:3
ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Kings 16:9တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။
Isaiah 7:8အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
Isaiah 8:4ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
Isaiah 16:14ယခုအခါထာဝရဘုရားက``သုံးနှစ်တိ တိရှိသောအခါ မောဘပြည်၏စည်းစိမ်ဥစ္စာ များသည်ကွယ်ပျောက်သွားလိမ့်မည်။ မြောက် မြားစွာသောပြည်သူတို့အနက်မှလူ အနည်းငယ်သာလျှင် အသက်မသေဘဲ ကျန်ရှိလိမ့်မည်။ သူတို့သည်လည်းအားအင် ချည့်နဲ့၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 28:1ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
Hosea 1:6ဂေါမာတွင်ဒုတိယကလေးတစ်ယောက်ဖွား မြင်လေ၏။ ထိုကလေးသည်သမီးမိန်းကလေး ဖြစ်သည်။ ထိုအခါထာဝရဘုရားကဟောရှေ အား``ငါသည်ဣသရေလပြည်သားတို့ကို နောင်အခါတွင် သနားကြင်နာ၍အပြစ် လွှတ်မည်မဟုတ်သောကြောင့်ထိုသမီး ကို`မေတ္တာမဲ့' ဟုနာမည်မှည့်လော့။-