Isaiah 17:9
ထိုနေ့ရက်ကျရောက်လာသောအခါ၊ အခိုင် အမာတံတိုင်းကာရံထားသည့်မြို့များသည် ဟိဝိနှင့်အာမောရိအမျိုးသားတို့သည် ဣသရေလအမျိုးသားများထံမှထွက်ပြေး ရာတွင် စွန့်ပစ်ထားခဲ့သည့်မြို့များကဲ့သို့လူ သူဆိတ်ငြိမ်ရာဖြစ်လျက်ပျက်စီးယိုယွင်း ၍နေလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 6:11ငါကလည်း``အို ထာဝရဘုရား၊ အဘယ်မျှကြာအောင်ဤသို့ဖြစ်ပျက်လျက်နေပါမည်နည်း'' ဟုလျှောက်လျှင် ကိုယ်တော်က``မြို့များပျက်စီးယိုယွင်း၍ဟာလာဟင်းလင်းဖြစ်၍နေချိန်တိုင်အောင်ဖြစ်၏။ အိမ်များတွင်လူသူကင်းမဲ့ပြီးထိုပြည်ကိုယ်တိုင်လူသူဆိတ်ငြိမ်ရာဖြစ်လျက်နေချိန်တိုင်အောင်ဖြစ်၏။-
Isaiah 9:9ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊-
Isaiah 24:1ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။-
Isaiah 28:1ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
Hosea 13:15ဣသရေလအမျိုးသားတို့သည်ပေါင်း ပင်ကဲ့သို့သန်စွမ်းသော်လည်း၊ ငါသည်သဲ ကန္တာရထဲမှပူပြင်းသောအရှေ့လေကို တိုက်ခတ်စေသဖြင့် သူတို့၏စမ်းချောင်း များနှင့်ရေတွင်းများကိုခန်းခြောက်စေ ပြီးလျှင်အဖိုးတန်ပစ္စည်းမှန်သမျှ ဆုံးရှုံးရလိမ့်မည်။-
Amos 7:9ဣဇာက်မှဆင်းသက်သောအမျိုးအနွယ်တို့ ကိုးကွယ်ရာအရပ်များပျက်စီးရတော့မည်။ ဣသရေလနိုင်ငံရှိသန့်ရှင်းရာဌာနမှန် သမျှကို မြေပုံအဖြစ်နှင့်သာကျန်ရစ်စေ မည်။ ငါသည်ယေရောဗောင်မင်းဆက်၏နန်း သက်ကိုကုန်စေတော့မည်'' ဟုမိန့်တော်မူ၏။