Isaiah 18:2
ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။
Common Language Bible
In The King James Version
In Context
1ဆူဒန်မြစ်များ၏အလွန်တွင် တောင်ပံခတ် သံများကိုကြားရသည့်တိုင်းပြည်တစ် ပြည်ရှိ၏။-
Cross References
Genesis 10:8ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။-
2 Chronicles 12:2သစ္စာတော်ကိုဖောက်သောကြောင့်ရောဗောင်နန်းစံ ပထမနှစ်၌ အီဂျစ်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။-
2 Chronicles 16:8ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။-
Isaiah 19:5နိုင်းမြစ်သည်ရေနည်း၍တစ်စတစ်စခန်း ခြောက်သွားလိမ့်မည်။-
Ezekiel 30:9``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။