Isaiah 19:22
ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 8:4ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
2 Kings 20:5``ငါထာဝရဘုရား၏လူမျိုးတော်ကို အစိုး ရသူဟေဇကိမင်းထံသို့ပြန်သွား၍`သင်၏ ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရ ဘုရားသည် သင်၏ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည်ကိုမြင်တော်မူပြီ။ ငါသည် သင်၏အနာရောဂါကိုပျောက်ကင်းစေမည် ဖြစ်၍ သင်သည်သုံးရက်ကြာသော်ဗိမာန် တော်သို့သွားနိုင်လိမ့်မည်။-
Isaiah 6:10ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
Isaiah 45:14ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
Ezekiel 29:13အရှင်ထာဝရဘုရားက``အနှစ်လေးဆယ် ကြာသောအခါ အီဂျစ်ပြည်သားတို့အား ငါပျံ့နှံ့စေရာအရပ်များမှပြန်လည် ခေါ်ဆောင်ကာ၊-
Hosea 6:2ငါတို့ကိုနှစ်ရက်သုံးရက်အတွင်းအင်အား ပြည့်လျက်ပြန်လည်ရှင်သန်စေတော်မူ၍ မျက်မှောက်တော်အောက်တွင်နေစေတော်မူ လိမ့်မည်။-