Isaiah 2:7
သူတို့၏ပြည်သည်ရွှေ၊ ငွေပေါများသဖြင့် အတိုင်းမသိအောင်ချမ်းသာကြွယ်ဝပါ၏။ သူတို့၏ပြည်၌မြင်းပေါများ၍ မြင်းရထား အရေအတွက်မှာလည်းအတိုင်းမသိအောင် များပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 17:16ဘုရင်သည်သူ၏တပ်မတော်အတွက်မြင်း မြောက်မြားစွာမထားရှိစေရ။ ထာဝရ ဘုရားက မိမိ၏လူမျိုးကိုအီဂျစ်ပြည် သို့ပြန်မသွားရဟုအမိန့်တော်ရှိသော ကြောင့် ဘုရင်သည်မြင်းဝယ်ရန်လူများ ကိုထိုပြည်သို့မစေလွှတ်ရ။-
1 Kings 10:21ရှောလမုန်၏သောက်တော်ရေဖလားမှန်သမျှ သည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခေါ်ခန်းမ ဆောင်တွင်ရှိသမျှသောအသုံးအဆောင်များ သည်လည်းရွှေစင်ဖြင့်ပြီးသတည်း။ ရှောလမုန် ၏လက်ထက်ကငွေကိုတန်ဖိုးမထားသဖြင့် ငွေအသုံးအဆောင်မထားချေ။-
Job 3:15မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
Isaiah 30:16ယင်းသို့နားထောင်မည့်အစား၊ လျင်မြန်သည့် မြင်းများကိုစီး၍ ရန်သူတို့ထံမှထွက်ပြေး ရန်ကြံစည်ကြလေသည်။ သင်တို့၏အကြံ အစည်မှာမဆိုးလှ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်အမှန်ပင်ထွက်ပြေးရကြလိမ့် မည်ဖြစ်သောကြောင့်တည်း။ သင်တို့သည်မိမိ တို့မြင်းများကိုလျင်မြန်လှပြီဟုထင်မှတ် ကြသော်လည်း သင်တို့အားလိုက်လံဖမ်းဆီး သူတို့၏မြင်းများကပို၍ပင်လျင်မြန်ကြ လိမ့်မည်။-
Jeremiah 5:27မုဆိုးသည်မိမိ၏လှောင်အိမ်ကိုငှက်များဖြင့်ပြည့်စေသကဲ့သို့ ထိုသူတို့သည်မိမိတို့နေအိမ်များကိုတိုက်ရာပါပစ္စည်းများဖြင့်ပြည့်စေကြလေပြီ။ ထို့ကြောင့်သူတို့သည်တန်ခိုးကြီးမား၍ချမ်းသာကြွယ်ဝကြ၏။-
Micah 5:10ထာဝရဘုရားက``ထိုအချိန်တွင်ငါသည် သင်တို့၏မြင်းများကိုဖယ်ရှား၍ သင်တို့၏ စစ်ရထားများကိုဖျက်ဆီးမည်။-