Isaiah 22:13
သင်သည်ယင်းသို့ပြုမည့်အစားရယ်မော လျက် ပွဲလမ်းသဘင်ကျင်းပကာနေခဲ့၏။ သိုးနွားများကိုသတ်၍စားကာစပျစ်ရည် ကိုသောက်ခဲ့၏။ ``နက်ဖြန်သေရကြမည် ဖြစ်၍ယခုငါတို့စားကြသောက်ကြ ကုန်အံ့'' ဟုသင်ဆိုခဲ့၏။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 5:12သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
Isaiah 21:4ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
Isaiah 56:12ဤသေသောက်ကြူးတို့က`လာကြ၊ ငါတို့သည် စပျစ်ရည်ကိုယူ၍အစွမ်းကုန်သောက်ကြ ကုန်အံ့။ နက်ဖြန်နေ့သည်ယနေ့ထက်ပင်ပို ၍မွေ့လျော်ဖွယ်ကောင်းလိမ့်မည်' ဟုဆို တတ်ကြ၏။''
Luke 17:26နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။-
James 5:5သင်တို့သည်လောကတွင်စည်းစိမ်ခံလျက် ပျော်ပါးခဲ့ကြ၏။ အသတ်ခံရကြမည့်နေ့ အတွက်မိမိတို့ကိုယ်ကိုဆူဖြိုးအောင်ကျွေး မွေးခဲ့ကြ၏။-