Isaiah 22:23
ငါသည်ခိုင်မြဲစွာရိုက်ထားသည့်ငုတ်ကဲ့သို့ သူ့အားမြဲမြံစွာထားရှိမည်။ သူသည်လည်း မိမိအိမ်ထောင်စုတစ်စုလုံး၏ဂုဏ်အသ ရေကိုဆောင်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 45:9ယခုသင်တို့သည်ဖခင်ထံသို့အလျင်အမြန် သွား၍ ဖခင်အား`ဘုရားသခင်သည်သား ယောသပ်အား အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရသောမင်းအရာ၌ခန့်ထားတော် မူပြီ။ သားထံသို့အမြန်လာပါလော့။-
Ezra 9:8အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားကရုဏာထား တော်မူသဖြင့် လူမျိုးခြားတို့၏လက်မှလွတ် မြောက်စေ၍ ယခုအခါသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်တွင် ကာလအနည်းငယ်မျှဘေးမဲ့ လုံခြုံစွာနေရသောအခွင့်ကိုပေးတော်မူပါ ပြီ။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ကျွန်ဘဝမှ လွတ်မြောက်စေ၍ဘဝသစ်ကိုပေးတော်မူ ပါပြီ။-
Esther 10:3ယုဒအမျိုးသားမော်ဒကဲသည်ဇေရဇ်ဘုရင် ပြီးလျှင် နိုင်ငံတော်တွင်တန်ခိုးအကြီးဆုံး သောသူဖြစ်၏။ သူသည်ယုဒအမျိုးသား တို့၏ချစ်ခင်ကြည်ညိုရိုသေလေးစားမှုကို ခံရလေသည်။ သူသည်မိမိလူမျိုး၏အ ကျိုးနှင့် သူတို့၏သားမြေးများ၏လုံခြုံမှု အတွက်ဆောင်ရွက်ခဲ့သောသူဖြစ်ပေသည်။ ဧသတာဝတ္ထုပြီး၏။
Ecclesiastes 12:11ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။
Luke 22:29ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။-