Isaiah 22:4
ယခုငါ့အားတစ်ကိုယ်တည်းပြင်းပြစွာ ငိုကြွေးခွင့်ပြုပါလော့။ ငါ၏လူအမြောက် အမြားသေကြေပျက်စီးကြပြီဖြစ်၍ ငါ့အားနှစ်သိမ့်ရန်မကြိုးစားပါနှင့်။-
Common Language Bible
In The King James Version
In Context
Cross References
Ruth 1:20နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ' ဟုခေါ်ကြပါလော့။-
Psalms 77:2ဒုက္ခရောက်ချိန်၌ငါသည်ထာဝရဘုရား ထံတော်သို့ ဆုတောင်းပတ္ထနာပြု၏။ တစ်ညလုံးလက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြု၏။ သို့ရာတွင်စိတ်သက်သာရာမရနိုင်ပါ။
Isaiah 33:7သူရဲကောင်းတို့သည်အကူအညီတောင်းခံ လျက် နေကြပါသည်တကား။ စစ်ပြေငြိမ်း ရန်ကြိုးစားကြသူသံတမန်များသည် ပြင်းပြစွာငိုကြွေးလျက်နေကြ၏။-
Jeremiah 6:26ထာဝရဘုရားက မိမိလူမျိုးတော်အား``သင် တို့သည်လျှော်တေကိုဝတ်၍ပြာထဲ၌လူးလှိမ့် ကြလော့။ တစ်ဦးတည်းသောသားအတွက် ငိုကြွေး မြည်တမ်းသကဲ့သို့ဝမ်းနည်းပက်လက်ငိုကြွေး ကြလော့။ အဘယ်ကြောင့်ဆိုသော်သင်တို့အား သုတ်သင်ဖျက်ဆီးရန်လာသူသည် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သောကြောင့်တည်း။-
Jeremiah 9:1ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
Jeremiah 31:15ထာဝရဘုရားက၊ ``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။ သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။