Isaiah 23:1
ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 10:4ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
Joshua 19:29ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-
1 Kings 10:22မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
2 Chronicles 9:21မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
Isaiah 2:16ကိုယ်တော်သည်အကြီးဆုံးအလှဆုံးသော သင်္ဘောများကိုပင် နစ်မြုပ်စေတော်မူလိမ့်မည်။-
Isaiah 15:8မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။-