Isaiah 23:12
အို ဇိဒုန်မြို့၊ သင်သည်နောက်တစ်ဖန်သာယာ ရွှင်လန်းရတော့မည်မဟုတ်။ သင်၏လူတို့ သည်လည်းဖိနှိပ်ချုပ်ချယ်မှုကိုခံရလျက် ရှိ၏။ အကယ်၍သူတို့သည်ကုပရုပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဆိုစေ ကာမူ ဘေးမဲ့လုံခြုံစွာနေရကြလိမ့်မည် မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 10:4ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
Genesis 49:13ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍ သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။ သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။
Deuteronomy 28:64``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
Isaiah 23:1ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။-
Isaiah 37:22ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
Isaiah 47:5ဗာဗုလုန်မြို့အားထာဝရဘုရားကဆိတ်ငြိမ်ရာ မှောင်မိုက်ထဲတွင်ထိုင်၍နေလော့။ လူတို့သည်သင့်အားလူမျိုးတကာတို့၏ ဘုရင်မဟု ခေါ်ကြတော့မည်မဟုတ်။