Isaiah 23:15
ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 29:10``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
Ezekiel 27:25သင်၏ထံမှကုန်စည်များကိုအကြီးမား ဆုံးကုန်သင်္ဘောကြီးများဖြင့်သယ်ဆောင် သွားကြ၏။ ``သင်သည်လေးလံသောကုန်စည်များကို တင်ဆောင်ကာပင်လယ်ထဲသို့ရောက်နေသော သင်္ဘောနှင့်တူ၏။
Daniel 7:14ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
Hosea 2:15သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-