Isaiah 24:22
ဘုရားသခင်သည်ပြည်ရှင်မင်းတို့အား အကျဉ်းသမားများသဖွယ် တွင်းတစ်ခုတွင် ပြွတ်သိပ်၍ချုပ်နှောင်ထားတော်မူလိမ့်မည်။ အပြစ်ဒဏ်ခံရကြမည့်အချိန်မရောက် မချင်း သူတို့အားကိုယ်တော်သည်အကျဉ်း ချ၍ထားတော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 10:22ထိုနောက်ယောရှုက``လိုဏ်ဂူဝကိုဖွင့်၍ မင်းငါးပါးကိုငါ့ထံသို့ထုတ်ဆောင်ခဲ့ ကြလော့'' ဟုအမိန့်ပေးလေ၏။-
Isaiah 10:4သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
Isaiah 42:22သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။ သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲ သူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။
Ezekiel 38:8နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-