Isaiah 24:7
စပျစ်ပင်တို့သည်ညှိုးနွမ်းသဖြင့်စပျစ် ရည်ရှားပါး၍လာလေသည်။ အခါတစ်ပါး ကကြည်လင်ရွှင်လန်းလျက်ရှိကြသူလူ အပေါင်းတို့သည် ယခုအခါစိတ်ညှိုး ငယ်လျက်နေကြ၏။-
Common Language Bible
In The King James Version
The new wine mourneth, the vine languisheth, all the merryhearted do sigh.
In Context
Cross References
Isaiah 16:10ယခုအခါမြေသြဇာကောင်းသည့်လယ်များ တွင် ဝမ်းမြောက်ရွှင်လန်းသူမရှိ။ စပျစ်ဥယျာဉ် များ၌ကြွေးကြော်သီဆိုသူမရှိ။ စပျစ်သီး များကိုနယ်၍စပျစ်ရည်လုပ်သူလည်းမရှိ တော့ပေ။ ပျော်ရွှင်စွာကြွေးကြော်မှုများသည် ဆိတ်သုဉ်းခဲ့လေပြီ။-
Isaiah 32:10သင်တို့သည်ယခုအခါကျေနပ်ရောင့်ရဲ လျက်ရှိနေမည်ဖြစ်သော်လည်း နောင်နှစ်ခါ ဤအချိန်၌စိတ်ပျက်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့စုသိမ်းရန် စပျစ်သီးများရရှိမည်မဟုတ်သော ကြောင့်ဖြစ်၏။-
Ezekiel 6:14ငါသည်လက်ကိုဆန့်၍သူတို့၏ပြည်ကို ဖျက်ဆီးမည်။ ဣသရေလအမျိုးသားတို့ နေထိုင်ရာအရပ်မှန်သမျှကိုချမ်းသာ မပေးဘဲ တောင်ဘက်တောကန္တာရမှသည် မြောက်ဘက်ဒိဗလတ်မြို့သို့တိုင်အောင်လူ သူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို လူ အပေါင်းတို့သိရှိလာကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Joel 1:10လယ်ယာများသည်ကောက်ပင်ကင်းလျက်နေ၏။ ဂျုံဆန်များသည်ပျက်စီး၍စပျစ်သီးများမှာခြောက်သွေ့ကုန်လျက်၊ သံလွင်ပင်များသည်ညှိုးနွမ်းသွားကြ၏။ ထို့ကြောင့်မြေကြီးသည်ငိုကြွေးမြည်တမ်းလေတော့၏။