The Bible Software
bible.software › Isaiah › Isaiah 25 › Isaiah 25:10

Isaiah 25:10

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

For in this mountain shall the hand of the LORD rest, and Moab shall be trodden down under him, even as straw is trodden down for the dunghill.

In Context

9ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``ကိုယ်​တော်​သည်​ငါ​တို့​၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။ ငါ​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ကိုယ်​တော်​က​လည်း​ငါ​တို့​အား ကယ်​ဆယ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​ကား ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။ ငါ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တင်​တော် မူ​ပြီ​ဖြစ်​၍​ယ​ခု​အ​ခါ ငါ​တို့​သည်​ဝမ်း မြောက်​ကြည်​နူး​ရွှင်​မြူး​အား​ရ​ကြ​ပေ သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

11သူ​တို့​သည်​ရေ​ကူး​သူ​ကဲ့​သို့​လက်​များ​ကို ဆန့်​၍​ကူး​ယက်​ရန်​ကြိုး​စား​ပါ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​မာန်​မာ​န ကို​နှိမ့်​ချ​သ​ဖြင့်​လက်​များ​ကို​လေး​လံ ၍​နေ​စေ​လိမ့်​မည်။-

Read all of Isaiah 25

Cross References

Numbers 24:17ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။

Psalms 132:13ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ရွေး​ချယ် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ထို​မြို့​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန် အ​လို​တော်​ရှိ​သည်။

Isaiah 10:6ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။

Isaiah 11:10ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။-

Isaiah 12:6ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊ မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''

Isaiah 15:1ဤ​ဗျာ​ဒိတ်​တော်​သည်​မော​ဘ​ပြည်​နှင့် သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ အာ​ရ​မြို့​နှင့်၊ ကိ​ရ​မြို့​တို့​သည်​တစ်​ညဥ့်​ချင်း ၌​ပျက်​ပြုန်း​၍​သွား​ရကြ​လေ​သည်။ မော​ဘ ပြည်​သည်​လည်း​ဆိတ်​ငြိမ်​လျက်​နေ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 25:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 25:9Isaiah 25Isaiah 25:11 →