Isaiah 25:4
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
Common Language Bible
In The King James Version
In Context
Cross References
Job 5:15ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
Psalms 12:5ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
Psalms 72:4မင်းကြီးသည်ဆင်းရဲသူတို့အားမျှတစွာ တရားစီရင်ဆုံးဖြတ်ပါစေသော။ ချို့တဲ့နွမ်းပါးသူတို့အားကူမတော်မူပါ စေသော။ ဖိစီးနှိပ်စက်သူတို့အားနှိမ်နင်းတော်မူပါ စေသော။
Psalms 91:1ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
Psalms 119:31အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ သြဝါဒမားကိုလိုက်နာပါပြီ။ ကွန်တော်မျိုးအားအရှက်ကွဲစေတော်မမူပါနှင့်။
Isaiah 4:6ကိုယ်တော်၏ဘုန်းအသရေတော်သည်မြို့ တော်ကို နေ၏အပူရှိန်မှကာကွယ်၍ မိုးသက် မုန်တိုင်း၏ဒဏ်နှင့်ကင်းဝေးစေပြီးလျှင် ဘေးမဲ့လုံခြုံရာဖြစ်စေတော်မူလိမ့်မည်။