Isaiah 26:10
ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 8:31ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
Deuteronomy 32:15``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
2 Kings 13:6သို့ရာတွင်သူတို့သည်မိမိတို့အား ယေရော ဗောင်မင်းရှေ့ဆောင်လမ်းပြခဲ့သည့်ဒုစရိုက် လမ်းစဉ်ကိုမစွန့်ဘဲ ဆက်လက်၍လိုက်မြဲ လိုက်ကြ၏။ အာရှရဘုရားမ၏တံခွန် တိုင်သည်ရှမာရိမြို့တွင်ရှိမြဲရှိသေး၏။
Psalms 78:54ကိုယ်တော်သည်သူတို့အားမိမိ၏သန့်ရှင်း မြင့်မြတ်သည့်ပြည်တော်သို့လည်းကောင်း၊ ကိုယ်တော်တိုင်သိမ်းပိုက်တော်မူခဲ့သည့် တောင်တော်သို့လည်းကောင်းပို့ဆောင်တော် မူ၏။
Psalms 143:10ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အလိုတော်အတိုင်းဆောင်ရွက်ရန် ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူ၍ ဘေးမဲ့လုံခြုံရာလမ်းကိုညွှန်ပြတော်မူပါ။
Ecclesiastes 3:16ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။