Isaiah 26:15
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့၏နိုင်ငံကိုကြီးပွားတိုးတက် စေတော်မူပါပြီ။ ကြီးပွားတိုးတက်စေတော်မူပါပြီ။ ယင်း၏နယ်ပယ်တို့လည်းလေးဘက်လေးတန် ပိုမိုကျယ်ဝန်းစေတော်မူပါပြီ။ ဤသို့ပြုတော်မူသဖြင့်ကိုယ်တော်ရှင်တွင် ဂုဏ်အသရေရှိပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:16မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
Deuteronomy 4:27ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-
Deuteronomy 28:25``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
Deuteronomy 32:26ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။
2 Kings 17:6ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
2 Kings 23:27ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။