Isaiah 26:18
ကျွန်တော်မျိုးတို့သည်နာကျင်ခြင်း ဝေဒနာခံရကြပါ၏။ သို့ရာတွင်အဘယ်အမှုကိုမျှ မဖြစ်ပွားစေပါ။ ကျွန်တော်မျိုးတို့သည်မိမိတို့နိုင်ငံအတွက် အဘယ်အောင်ပွဲကိုမျှမရကြပါ။ အဘယ်အမှုကိုမျှအထမြောက်အောင် ဆောင်နိုင်ခဲ့သည်မရှိပါ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 5:22ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။-
1 Samuel 11:13သို့ရာတွင်ရှောလုက``ဤနေ့သည်ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကယ်ဆယ် တော်မူသောနေ့ဖြစ်၏။ ယနေ့အဘယ်သူကို မျှမသတ်ရ'' ဟုဆို၏။-
2 Kings 19:3မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ဖြစ် ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကိုခံရ၍ အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည် သားဖွားချိန်စေ့သော်လည်း သားဖွားနိုင်ရန် အားမရှိသည့်အမျိုးသမီးနှင့်တူပါ၏။-
Isaiah 33:11သင်တို့သည်အကျိုးမရှိသည့်အကြံအစည် များကိုပြုကြ၏။ သင်တို့ပြုသမျှသောအမှု တို့သည်လည်း အချည်းနှီးပင်။ ငါ၏ဝိညာဉ်သည် မီးကဲ့သို့ဖြစ်၍သင်တို့ကိုဖျက်ဆီးလိမ့်မည်။-
Isaiah 59:4သင်တို့သည်တရားရုံးတော်သို့သွားသော် လည်း တရားမျှတမှုမရှိ၊ တရားသည့် ဘက်၌မနေကြ။ မိမိတို့အမှုနိုင်ရန် အတွက်မုသားစကားပြောဆိုလျက် အကြောင်းမဲ့ငြင်းခုံတတ်ကြ၏။
John 7:7ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-