Isaiah 27:5
သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Joshua 9:24ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
Job 22:21ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။
Isaiah 26:3အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် စိတ်နှလုံးတည်ကြည်၍ ကိုယ်တော်ရှင်ကိုယုံကြည်ကိုးစားကြသူတို့ အား စစ်မှန်သောငြိမ်းချမ်းသာယာမှုကိုပေးတော် မူပါ၏။
Isaiah 56:2ဥပုသ်နေ့ကိုအလွဲသုံးစားမပြုဘဲကောင်း စွာစောင့်ထိန်းသူတို့နှင့် အဘယ်မကောင်းမှု ကိုမျှမပြုသူတို့ကိုကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။
Isaiah 64:7ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
Hosea 2:18ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။