Isaiah 27:9
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 34:13သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
2 Kings 25:9ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
2 Chronicles 14:5ယုဒပြည်အမြို့မြို့မှရုပ်တုကိုးကွယ်ရာ ဌာနများနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင် များကိုဖျက်ဆီးတော်မူသဖြင့် ထိုမင်း၏ လက်ထက်၌နိုင်ငံတော်သည်ငြိမ်းချမ်း သာယာလျက်နေ၏။-
2 Chronicles 36:19သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
Psalms 119:67ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်း ယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
Proverbs 20:30အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။