Isaiah 28:16
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 49:24သို့ရာတွင်ယာကုပ်၏အနန္တတန်ခိုးရှင်ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ ဣသရေလ၏ကာကွယ်ရာကျောက်ဖြစ်တော်မူသော သိုးထိန်းရှင်၏စောင်မခြင်းအားဖြင့်လည်းကောင်း၊ သူ၏လေးသည်တည်ငြိမ်၍သူ၏လက်တို့သည် အားသန်လျက်ရှိ၏။
Psalms 112:7သို့ဖြစ်၍သူသည်သတင်းဆိုးကိုကြားရန် မကြောက်ရ။ သူသည်ထာဝရဘုရားကိုယုံကြည် ကိုးစားသူဖြစ်သဖြင့်သူ၏စိတ်နှလုံး သည် တည်ကြည်ခိုင်မြဲပေသည်။
Isaiah 8:14ငါ၏သန့်ရှင်းမြင့်မြတ်မှုသည်ထိတ်လန့်အံ့သြ ဖွယ်ဖြစ်သဖြင့်၊ ငါသည်လူတို့တိုက်မိ၍လဲ စရာကျောက်နှင့်တူ၏။ ယုဒပြည်သူများ၊ ဣသရေလပြည်သူများနှင့်ယေရုရှလင် မြို့သားတို့အား ထောင်ဖမ်းမည့်ကျော့ကွင်း နှင့်လည်းတူ၏။-
Daniel 2:45တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။
Zechariah 3:9မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-''
Matthew 21:42သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။