The Bible Software
bible.software › Isaiah › Isaiah 28 › Isaiah 28:17

Isaiah 28:17

ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။

Common Language Bible

In The King James Version

Judgment also will I lay to the line, and righteousness to the plummet: and the hail shall sweep away the refuge of lies, and the waters shall overflow the hiding place.

In Context

16ယ​ခု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား``ငါ​သည်​ဇိ​အုန်​တောင် တွင်​တည်​တံ့​ခိုင်​မြဲ​သည့်​အုတ်​မြစ်​ကို​ချ တော်​မူ​မည်။ ငါ​သည်`ခိုင်​မြဲ​စွာ​ယုံ​ကြည်​မျှော် လင့်​တတ်​သူ​သည် သည်း​ခံ​လျက်​စောင့်​ဆိုင်း တတ်​၏' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ပါ​ရှိ​သည့် အ​ဖိုး​တန်​ထောင့်​ချုပ်​ကျောက်​ကို​လည်း​ထို အုတ်​မြစ်​တွင်​ထည့်​သွင်း​ထား​ရှိ​မည်။-

18သင်​တို့​သည်​သေ​မင်း​နှင့်​ချုပ်​ဆို​ထား​သည့်​စာ ချုပ်​ကို​ပယ်​ဖျက်​၍ မ​ရ​ဏ​နိုင်​ငံ​နှင့်​ရ​ရှိ​ထား သည့်​သ​ဘော​တူ​ညီ​မှု​ကို​လည်း​ရုပ်​သိမ်း​ရ ကြ​လိမ့်​မည်။ ရန်​သူ​များ​ချင်း​နင်း​ဝင်​ရောက် လာ​သော​အ​ခါ သင်​တို့​သည်​အ​ရေး​ရှုံး​နိမ့် ကြ​လိမ့်​မည်။-

Read all of Isaiah 28

Cross References

Exodus 9:18နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-

2 Kings 21:13ရှ​မာ​ရိ​မြို့​နှင့် ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့် သား​မြေး​တို့​ကို​ဒဏ်​ခတ်​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​ကို​ငါ​ဒဏ်​ခတ်​မည်။ စင်​အောင်​သုတ်​၍​မှောက် ထား​သည့်​ပန်း​ကန်​သ​ဖွယ် ယေ​ရု​ရှ​လင်​မြို့​တွင် လူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​အောင်​သုတ် သင်​ရှင်း​လင်း​မည်။-

Psalms 94:15တ​ရား​ရုံး​များ​၌​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု တစ်​ဖန်​ရှိ​လိမ့်​မည်။ သူ​တော်​ကောင်း​အ​ပေါင်း​တို့​သည်​လည်း ယင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​မှု​ကို ထောက်​ခံ​ကြ​လိမ့်​မည်။

Isaiah 10:22ယ​ခု​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် သ​မုဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​များ​သော် လည်း အ​ချို့​သာ​လျှင်​အ​ထံ​တော်​သို့​ပြန် လာ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန် စီ​မံ​ထား​ပြီး ဖြစ်​ပေ​သည်။ သူ​တို့​သည်​လည်း​ယင်း​သို့​သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​လုံး​ဝ​ခံ​ထိုက်​ကြ သ​တည်း။-

Isaiah 28:2ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-

Isaiah 30:28ကိုယ်​တော်​သည်​လေ​ပြင်း​ကို​တိုက်​ခတ်​စေ တော်​မူ​လိမ့်​မည်။ ထို​လေ​သည်​အ​ရာ​ခပ်​သိမ်း ကို​မြော​ပါ​သွား​စေ​တတ်​သည့်​မြစ်​ရေ​လျှံ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​ကို​ဆုံး​ပါး​ပျက်​စီး စေ​၍၊ သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကြံ​အ​စည် များ​ကို​ပျက်​ပြား​စေ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 28:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 28:16Isaiah 28Isaiah 28:18 →