Isaiah 28:18
သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 2:15မြင့်မားသောမျှော်စင်မှန်သမျှနှင့် မြို့ရိုး မှန်သမျှကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။-
Isaiah 8:8အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
Isaiah 28:3ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။-
Jeremiah 2:37သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။''
Jeremiah 47:2ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။
Ezekiel 13:11ထိုမြို့ရိုးသည်ပြိုကျရလိမ့်မည်ဖြစ်ကြောင်း ထိုမြို့ရိုးကိုထုံးသုတ်သူတို့အားဆင့်ဆို လော့။ ငါသည်မိုးသည်းထန်စွာရွာသွန်းစေ မည်။ မိုးသီးများသည်မြို့ရိုးပေါ်သို့ကျ လျက်လေပြင်းမုန်တိုင်းတိုက်ခတ်လာ သဖြင့်၊-