Isaiah 28:29
သူသည်ဤအသိပညာမှန်သမျှကို အနန္တ တန်ခိုးရှင်ထာဝရဘုရားထံတော်မှရရှိ ပေသည်။ ထာဝရဘုရားပြုတော်မူသော အကြံအစည်တော်တို့သည် ဉာဏ်ပညာ အမြော်အမြင်နှင့်ပြည့်စုံ၍အစဉ်အောင် မြင်မှုရှိပါပေသည်။
Common Language Bible
In The King James Version
In Context
Cross References
Job 37:23အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။
Psalms 92:5အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်တို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်ရှင်၏အကြံအစည်တော်သည်လည်း နက်နဲလှပါ၏။
Psalms 118:23ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
Isaiah 28:21ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
Jeremiah 32:19ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် အံ့သြဖွယ်ကောင်း၍ ပြုတော်မူသောအမှု တော်တို့သည်ကြီးမြတ်ပါ၏။ ကိုယ်တော်ရှင် သည်လူတို့ပြုသမျှသောအမှုတို့ကိုတွေ့ မြင်တော်မူသည်ဖြစ်၍ သူတို့အားမိမိတို့ ၏အကျင့်အကြံအပြုအမူများကို လိုက်၍ဆုချတော်မူပါ၏။-
Romans 11:33ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။-