Isaiah 29:11
ဗျာဒိတ်ရူပါရုံမှန်သမျှ၏အနက်အဋ္ဌိပ္ပါယ် များသည် တံဆိပ်ခတ်နှိပ်ထားသည့်စာလိပ်ကဲ့ သို့ သင်တို့အတွက်ဖုံးကွယ်၍နေလိမ့်မည်။ စာ ဖတ်တတ်သူတစ်ဦးအားသင်အဖတ်ခိုင်းပါ မူ ထိုသူက``ဤစာလိပ်ကိုတံဆိပ်ခတ်နှိပ်ထား သဖြင့် အကျွန်ုပ်ဖတ်၍မရပါ'' ဟုဆို လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Daniel 12:4ထိုသူက``အချင်းဒံယေလ၊ သင်သည်ဤစာ စောင်ကိုပိတ်၍ ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားလော့။ ဤအတောအတွင်း ၌လူအများပင်ဖြစ်ပျက်နေဆဲအမှု အရာတို့ကိုသိရှိနားလည်နိုင်ရန် အချည်း နှီးကြိုးစားအားထုတ်ကြလိမ့်မည်'' ဟု ဆို၏။
Matthew 11:25ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
Matthew 16:17သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
Revelation 6:1ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-