Isaiah 29:14
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Job 12:17တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
Isaiah 19:3ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-
Isaiah 28:21ထာဝရဘုရားသည်ပေရဇိမ်တောင်နှင့် ဂိဗောင်ချိုင့်ဝှမ်းတွင် ပြုတော်မူခဲ့သည့်နည်း တူစစ်ချီတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိပြုရန်ရှိသည့်အမှုကိုပြီးပြတ်အောင် ဆောင်ရွက်တော်မူလိမ့်မည်။ ထိုအမှုကား နက်နဲသိမ်မွေ့သည့်အရာဖြစ်၏။
Isaiah 44:25ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
Jeremiah 19:7ငါသည်ဤအရပ်တွင်ယုဒပြည်သားများ နှင့် ယေရုရှလင်မြို့သားများ၏အကြံအစည် မှန်သမျှကိုပျက်ပြားစေတော်မူမည်။ သူတို့ ကိုအသက်ရန်ရှာသူတို့လက်သို့အပ်၍စစ်ပွဲ တွင်ကျဆုံးစေတော်မူမည်။ သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲတို့၏ အစာဖြစ်ရလိမ့်မည်။-
Obadiah 1:8``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊ အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။