Isaiah 29:16
သူတို့သည်အရာခပ်သိမ်းကိုကပြောင်းက ပြန်ဖြစ်စေတတ်ကြ၏။ အိုးထိန်းသည်နှင့် အိုးမြေတို့တွင် အဘယ်သူကပို၍အရေး ကြီးပါသနည်း။ လူ့လက်ဖြင့်ပြီးသောအရာ တစ်ခုကလူကိုပြန်၍``ငါသည်သင်ပြုလုပ် ထားသည့်အရာမဟုတ်'' ဟူ၍သော်လည်း ကောင်း``သင်သည်မိမိပြုလုပ်လျက်နေသည့် အမှုကိုမသိ'' ဟူ၍သော်လည်းကောင်း ဆိုနိုင်ပါမည်လော။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 24:1ထာဝရဘုရားသည်ကမ္ဘာမြေကြီးကိုပျက် ပြုန်းစေတော်မူ၍ လူသူဆိတ်ငြိမ်ရာဖြစ်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ မျက်နှာပြင်ကိုတွန့်လိမ်စေ၍ လူတို့ကို ကွဲလွင့်စေတော်မူလိမ့်မည်။-
Isaiah 64:8သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
Acts 17:6ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-