Isaiah 29:18
ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 29:4သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
Proverbs 20:12ကြားတတ်သော နားကို၎င်း၊ မြင်တတ်သော မျက်စိကို၎င်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။
Isaiah 29:12စာမဖတ်တတ်သူကိုအဖတ်ခိုင်းလျှင်လည်း ထိုသူက``အကျွန်ုပ်အဘယ်သို့ဖတ်ရမည် မသိပါ'' ဟုဆိုလိမ့်မည်။
Isaiah 32:3သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။-
Isaiah 42:7သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍ အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
Jeremiah 31:33သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-