Isaiah 3:15
သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 5:14အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
Proverbs 30:14ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
Ezekiel 18:2ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။''
Amos 2:7သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
Jonah 1:6ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
Micah 3:3သင်တို့သည်ငါ့လူမျိုးတော်၏အသားကို စားကြ၏။ သူတို့၏အရေကိုခွာ၍အရိုး များကိုချိုးလျက်အမဲဟင်းလျာသဖွယ် ဋ္ဌားဖြင့်စဉ်းကြ၏။-