Isaiah 3:9
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 13:13သောဒုံမြို့သားတို့သည်ဆိုးသွမ်း၍ ထာဝရဘုရားရှေ့တော်၌အပြစ်များသောသူများဖြစ်ကြ၏။
Genesis 19:5သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
1 Samuel 15:32ရှမွေလက``အာဂတ်မင်းကိုငါ့ထံသို့ခေါ်ခဲ့ လော့'' ဟုဆို၏။ အာဂတ်က``သေဘေးသည် အလွန်ဆိုးရွားပါသည်တကား'' ဟုတစ်ကိုယ် တည်းစဉ်းစားကာတုန်လှုပ်လျက်ရှမွေလထံ သို့လာ၏။-
Psalms 10:4သူယုတ်မာသည်ထာဝရဘုရားကိုဂရုမစိုက်တတ်။ သူသည်မာနထောင်လွှားလျက်ဘုရားသခင်မရှိဟု အစဉ်ယူဆတတ်၏။
Proverbs 8:36ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
Isaiah 3:16ထာဝရဘုရားက``ယေရုရှလင်မြို့သူတို့ သည်အဘယ်မျှမာန်မာနကြီးလျက်နေသည် ကိုကြည့်ကြလော့။ သူတို့သည်လည်ကိုမော်၍ သွားလာတတ်ကြ၏။ အစဉ်ပင်လျှပ်ပေါ်လော် လီကာနေကြ၏။ သူတို့၏ခြေလှမ်းကလေး များသည်သာယာညင်းပျောင်းလှ၍ သူတို့၏ ခြေချင်းများသည်လည်းတချွင်ချွင်မြည် လျက်ရှိ၏။-