Isaiah 30:14
အိုးခြမ်းကွဲဖြင့်မီးခဲများကိုကောက်ယူရန် သော်လည်းကောင်း၊ စည်တွင်နှစ်၍ရေကိုခပ်ယူ ရန်သော်လည်းကောင်း၊ မဖြစ်နိုင်အောင်အစိတ် စိတ်အမြွှာမြွှာကွဲသွားသောမြေအိုးနှင့်တူ ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 29:20ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
Psalms 2:9သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ သူတို့အားမြေအိုးကိုခွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
Isaiah 27:11သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
Jeremiah 13:14ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Jeremiah 19:11သူတို့အားအနန္တတန်ခိုးရှင်ထာဝရ ဘုရားက``ဤအိုးကိုပြန်၍ဆက်စပ်မရ နိုင်အောင်ခွဲလိုက်သကဲ့သို့ ငါသည်ဤလူ များနှင့်ဤမြို့ကိုငါခွဲတော်မူမည်။ တော ဖက်မြို့တွင်မြေမြှုပ်စရာနေရာမရှိသည့် တိုင်အောင်လူတို့သည်ထိုသူတို့၏အလောင်း များကိုသင်္ဂြိုဟ်ရကြလိမ့်မည်။-
Ezekiel 5:11အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-