Isaiah 30:19
ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 10:24အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
Isaiah 25:8ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
Isaiah 40:1သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကို နှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။
Isaiah 54:6အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။
Isaiah 60:20ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
Isaiah 65:9ငါ့အားဝတ်ပြုကိုးကွယ်သူကိုငါကယ်တင် မည်။ ယုဒအနွယ်ဝင်တို့ကိုကောင်းချီးပေး မည်။ ယုဒ၏သားမြေးများသည်တောင်ပေါ် ဒေသများဖြစ်သော ငါ၏ပြည်တော်ကို အပိုင်ရရှိကြလိမ့်မည်။ ငါ၏ကျွန်ငါ ၏လူမျိုးတော်သည်ထိုပြည်တွင်နေထိုင်၍ အမွေခံရကြလိမ့်မည်။-