The Bible Software
bible.software › Isaiah › Isaiah 30 › Isaiah 30:20

Isaiah 30:20

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဆိုး​ယုတ် ခက်​ခဲ​မှု​များ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​မည် ဖြစ်​သော်​လည်း ကိုယ်​တော်​တိုင်​ပင်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​၍​လမ်း​ပြ​သွန်​သင်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​လည်း​ကိုယ်​တော်​ကို ရှာ​နေ​ရန်​လို​တော့​မည်​မ​ဟုတ်။-

Common Language Bible

In The King James Version

And though the Lord give you the bread of adversity, and the water of affliction, yet shall not thy teachers be removed into a corner any more, but thine eyes shall see thy teachers:

In Context

19ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော​သူ​တို့၊ သင်​တို့​သည်​ငို​ယို​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော် မူ​တတ်​၏။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့ သင်​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​တော်​မူ​၍​အ​ဖြေ​ပေး လိမ့်​မည်။-

21လက်​ဝဲ​ဘက်​သို့​သော်​လည်း​ကောင်း၊ လက်​ယာ ဘက်​သို့​သော်​လည်း​ကောင်း သင်​တို့​လမ်း​မှား ၍​လိုက်​မိ​ကြ​သော​အ​ခါ``လမ်း​မှန်​ကား​ဤ မှာ​တည်း။ ဤ​လမ်း​အ​တိုင်း​လိုက်​ကြ​လော့'' ဟု​သင်​တို့​နောက်​မှ​နေ​၍​ကိုယ်​တော်​မိန့်​တော် မူ​သံ​ကို​ကြား​ရ​ကြ​လိမ့်​မည်။-

Read all of Isaiah 30

Cross References

1 Kings 22:27သူ့​အား​ထောင်​သွင်း​အ​ကျဉ်း​ချ​ကာ​ကောင်း မွန်​ချော​မော​စွာ ငါ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန် တိုင်​အောင်​မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား ရန်​သူ​တို့​အား​မှာ​ကြား​လော့'' ဟု​အ​မိန့် ပေး​တော်​မူ​၏။

Psalms 30:5ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သည်​မှာ ခ​ဏ​သာ​လျှင်​ဖြစ်​၏။ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကား​တစ်​သက်​လုံး ဖြစ်​သ​တည်း။ ညဥ့်​အ​ခါ​၌​မျက်​ရည်​များ​ပင်​ကျ​စေ​ကာ​မူ မိုး​သောက်​ချိန်​၌​ကား​ဝမ်း​မြောက်​ရွှင်​လန်း ခွင့်​ကို ရ​ရှိ​တတ်​၏။

Psalms 80:5ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ဝမ်း​နည်း​မှု တည်း​ဟူ​သော​အ​စား​အ​စာ​ကို​ကျွေး​၍ မျက်​ရည်​တည်း​ဟူ​သော​ရေ​ကို​ကြီး​မား​သည့် ခွက်​ဖ​လား​ဖြင့်​တိုက်​တော်​မူ​ပါ​ပြီ။

Psalms 127:2အ​သက်​မွေး​ဝမ်း​ကျောင်း​မှု​အ​တွက် နံ​နက်​စော​စော​ထ​၍ ညဥ့်​နက်​သည်​တိုင်​အောင်​ပင်​ပန်း​စွာ​အ​လုပ် လုပ်​ရ​ခြင်း​သည်​အ​ချည်း​နှီး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ချစ်​တော်​မူ​သော​သူ​တို့​အိပ်​စက်​နေ​စဉ် သူ​တို့​လို​အပ်​သော​အ​ရာ​များ​ကို ပေး​သ​နား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

Isaiah 51:14အ​ကျဉ်း​ခံ​နေ​ရ​သော​သူ​တို့​သည်​မ​ကြာ​မီ လွတ်​မြောက်​လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ထောင်​တွင်း​၌​မ​သေ​ဆုံး​တော့​ဘဲ၊ မိ​မိ​တို့​လို​အပ်​သည့်​အ​စား​အ​စာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။

Ezekiel 24:22ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 30:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 30:19Isaiah 30Isaiah 30:21 →