Isaiah 30:22
သင်တို့သည်ငွေဖြင့်မွမ်းမံထားသည့်ရုပ်တု များနှင့်ရွှေဖြင့်မွမ်းမံထားသည့်ရုပ်တုများ ကိုယူ၍``ငါတို့မျက်မှောက်မှသွားကြပေ တော့'' ဟုဆိုကာ၊ အညစ်အကြေးသဖွယ် ပစ်ထုတ်လိုက်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 13:52ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။
Judges 17:3သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-
2 Chronicles 31:1ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
Isaiah 2:20ထိုနေ့ရက်ကာလရောက်သောအခါလူတို့သည် မိမိတို့သွန်းလုပ်ထားသည့်ရွှေ၊ ငွေရုပ်တုများ ကိုပွေးကောင်နှင့်လင်းနို့တို့၏အကြားတွင် စွန့်ပစ်၍ထားကြလိမ့်မည်။-
Isaiah 27:9ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
Isaiah 46:6လူတို့သည်မိမိတို့၏ရွှေအိတ်များမှရွှေ များကို သွန်ချကာ၊ ငွေများကိုလည်းချိန်ခွင်နှင့်ချိန်တွယ်ပြီးလျှင်၊ ဘုရားသွန်းလုပ်ရန်ပန်းထိမ်သည်ကိုငှားရမ်း ကြ၏။ ထိုနောက်၊ထိုဘုရားအားဦးညွှတ်ဝတ်ပြုကိုးကွယ် ကြပါသည်တကား။