Isaiah 30:23
သင်တို့သီးနှံများကိုစိုက်ပျိုးကြသည့် အခါတိုင်းအပင်ပေါက်စေရန်ထာဝရ ဘုရားသည်မိုးကိုရွာသွန်းစေတော်မူ လိမ့်မည်။ သင်တို့ရိတ်သိမ်းရန်အသီးအနှံ များကိုလှိုင်လှိုင်ထွက်စေ၍ ကျွဲနွားများ သည်လည်းစားကျက်အလုံအလောက်ရရှိ ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:26ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
Leviticus 25:19မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
Leviticus 26:5အသီးအနှံများလှိုင်လှိုင်ထွက်သဖြင့် သင်တို့ သည်စပါးရိတ်သိမ်း၍မပြီးပြတ်မီ စပျစ်သီး စုသိမ်းချိန်ရောက်လိမ့်မည်။ စပျစ်သီးစုသိမ်း၍ မပြီးပြတ်မီစပါးစိုက်ပျိုးချိန်ရောက်လိမ့်မည်။ သင်တို့သည်ဝစွာစားရ၍ဘေးကင်းလုံခြုံ စွာနေထိုင်ရလိမ့်မည်။
Psalms 36:8ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
Psalms 67:7ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။
Psalms 107:35ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။