Isaiah 31:5
ငှက်သည်မိမိအသိုက်ထက်တွင်ပျံဝဲကာ သားငယ်ကိုကာကွယ်စောင့်ရှောက်သကဲ့သို့၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ယေရုရှလင်မြို့ကိုကာကွယ်စောင့်ရှောက်၍ ရန်သူကိုခုခံတိုက်ခိုက်တော်မူမည်'' ဟု ငါ့အားမိန့်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 12:27သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
Deuteronomy 32:11လင်းယုန်ငှက်သည်သားငယ်များကို အပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။
Psalms 37:40ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။
Psalms 46:6လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
Isaiah 10:14ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံတို့သည်ငှက်သိုက်နှင့် တူ၍ ငါသည်ထိုနိုင်ငံတို့၏စည်းစိမ်ဥစ္စာကို ငှက်ဥများသဖွယ်လွယ်ကူစွာသိမ်းယူခဲ့ လေပြီ။ အဘယ်သူမျှအတောင်ကိုမခတ်၊ ပါးစပ်ကိုမဟရဲကြဟုဝါကြွားလေ သည်။
Isaiah 37:35ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။