Isaiah 33:11
သင်တို့သည်အကျိုးမရှိသည့်အကြံအစည် များကိုပြုကြ၏။ သင်တို့ပြုသမျှသောအမှု တို့သည်လည်း အချည်းနှီးပင်။ ငါ၏ဝိညာဉ်သည် မီးကဲ့သို့ဖြစ်၍သင်တို့ကိုဖျက်ဆီးလိမ့်မည်။-
Common Language Bible
In The King James Version
Ye shall conceive chaff, ye shall bring forth stubble: your breath, as fire, shall devour you.
In Context
Cross References
Job 15:35ထိုသူတို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။
Psalms 7:14သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။
Psalms 83:5သူတို့သည်တညီတညွတ်တည်း တိုင်ပင်ကြံစည်ကြပြီးနောက် ကိုယ်တော်ရှင်အားဆန့်ကျင်ဘက်ပြု၍ မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ကြပါ၏။
Isaiah 5:24ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
Isaiah 9:17သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
Isaiah 17:13ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-